ကမာစိုင်ကျေးရွာတွင် သံဃာတော်နှင့် သီလရှင် အပါး ၆၀၀ ကျော်အား ဂရုဓမ္မအခါတော်နေ့၌ စာရေးတံမဲ လောင်းလှူသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမာစိုင်ကျေးရွာတွင် သံဃာတော်နှင့် သီလရှင် အပါး ၆၀၀ ကျော်အား ဂရုဓမ္မအခါတော်နေ့၌ စာရေးတံမဲ လောင်းလှူသွားမည်





MNP ၊ စက်တင်ဘာ   ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာတွင် လာမည့် တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့၌ သံဃာတော်နှင့် သီလရှင် အပါး ၆၀၀ ကျော်တို့အား ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲများ လောင်းလှူသွားမည်ဖြစ် ကြောင်း သိရသည်။


ကမာစိုင်ကျေးရွာ၊ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်၌ ၁၆ ကြိမ်မြောက် ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲ လောင်းလှူပွဲကို ဒေသခံပြည်သူများစု‌ပေါင်းကာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အနီးဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များမှ ဆရာတော်၊သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်စာသင်တိုက်များမှ သာသနာ့နွယ်ဝင် သီလရှင်များကိုလည်း အလှူခံကြွရောက်ပါရန် ပင့်ဖိတ်ထားကြောင်း သိရသည်။


ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲလောင်းလှူ ပွဲတွင် လာရောက်လှူဒါန်းကြမည့် အနယ်နယ်အရပ်ရပ်မှ အလှူ ရှင်များ စနစ်တကျ အဆင်ပြေစွာ လှူဒါန်းနိုင်ရေးအတွက် သတ်မှတ်နေရာများကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကြွရောက်လာသူများအား စတုဒီသာအာဟာရဖြင့် ဧည့်ခံကျွေးမွေးသွားမည် ဖြစ်ရာ လာရောက် လောင်းလှူလိုသူများအနေဖြင့် ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက် သာသနာ့အကျိုးဆောင်အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း နှိုးဆော်ထားသည်။


ကမာစိုင်ကျေးရွာ၊ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်တွင် ယခုနှစ်၌ ရဟန်းတော် ၂၂၄ ပါးနှင့် ရှင်သာမဏေ ၂၇၇ ပါး စုစုပေါင်း စာချ၊ စာသင် ဆရာတော်သံဃာတော်အရှင်သူမြတ် ၅၀၁ ပါး သီတင်းသုံးနေထိုင်တော်မူကြလျှက်ရှိပြီး သင်ပုန်းကြီးတန်းမှ ဓမ္မာစရိယတန်းထိ ပရိယတ္တိစာပေများကို သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။


ဓာတ်ပုံ- ၁၅ ကြိမ်မြောက် ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲလောင်းလှူပွဲ

နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)