ဝန်းသိုမြို့နယ်တွင် မိုးစပါးအထွက်နှုန်းတိုးတက်ရေး အကျိုးဆောင် တောင်သူများအား ဓာတ်မြေသြဇာ အခမဲ့ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝန်းသိုမြို့နယ်တွင် မိုးစပါးအထွက်နှုန်းတိုးတက်ရေး အကျိုးဆောင် တောင်သူများအား ဓာတ်မြေသြဇာ အခမဲ့ထောက်ပံ့ပေးအပ်




MNP - စက်တင်ဘာ  ၂၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း (၂၀၂၂-၂၀၂၃) ခုနှစ်၊ မိုးရာသီစပါးအထွက်နှုန်း တိုးတက်စေရေးအတွက် မိုးစပါးသီးနှံ စံပြအကွက်များ စိုက်ပျိုးထားသော ကျေးရွာပေါင်း (၃၁) ရွာမှ အကျိုးဆောင်တောင်သူ (၁၅၀) ဦးတို့အား ယူရီးယား ဓာတ်မြေသြဇာ အိတ်ရေ (၃၁၅) အိတ်ကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ကောလင်းခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းတင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးရဲသီဟ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြပြီး ဝန်းသို မြို့နယ်တွင် ယခုနှစ်မိုးစပါး (၃၈၉၉) ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။


သတင်း - အေးဝင်းခိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)