ကျိုက်ထိုမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံ ပိုစတာပြသပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံ ပိုစတာပြသပွဲကျင်းပ





MNP ၊ စက်တင်ဘာ  ၃

ကျိုက်ထိုမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ကမ္ဘာပေါ်တွင် အဖြစ်များနေသည့် လူကုန်ကူးမှုနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ၊ ပြည်သူများအားလုံး လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အားလုံးပူးပေါင်းပါဝင်ကြစေရန် ရည်ရွယ် ၍စက်တင်ဘာ ၃ ရက်နံနက် ၁၀နာရီတွင်အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း စိန်ပန်းဆောင်ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟော ပြောပွဲ နှင့် နံရံကပ် ပိုစတာပြသဆောင်ရွက်ခြင်းကို ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာမကြီး‌ဒေါ်သီသီဝင်း က အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးသည် အခြားသူတစ်ဦးကို ပြည့်တန်ဆာစေခိုင်း ခြင်း၊ အခြားကာမဆိုင်ရာ တစ်မျိုးမျိုးပြုခိုင်းခြင်း၊ အဓမ္မခိုင်းစေခြင်းနှင့် လက်ထပ် ထိမ်းမြားခြင်း၊ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ကြွေးမြီးဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ ခန္ဓာ ကိုယ် အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ရောင်းစားခြင်း စသည်တို့ကို ပြုလုပ် ရာမှ ငွေကြေးအကျိုးအမြတ်တစ်စုံတစ်ရာကိုလည်းကောင်း၊လက်ခံခြင်း၊သဘောတူခြင်း၊မိမိတို့၏ပိုင်ဆိုင်မှုများကိုရင်းနှီးပြီးအခြားဒေသများသို့သွားရောက်အလုပ် လုပ်ခြင်း၊တရားမဝင်သွားရောက်ခြင်းတို့သည် လူကုန်ကူးခံရနိုင်ဖွယ်ရှိကြောင်း ၊ အမျိုးသမီးနှင့် ကလေးငယ်များတွင်သာမက အမျိုးသားများလည်း လူကုန်ကူးခံနေ ရသောကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက်အားလုံးတွင် တာဝန်ရှိပါကြောင်း လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးမှုကိစ္စရပ်များကို သိ ရှိပါကသက် ဆိုင်ရာဌာနများသို့အချိန်မီအကြောင်းကြားခြင်းဖြင့်လူကုန်ကူးမှုကို တားဆီးရာရောက်ကြောင်းဟောပြောခဲ့သည်။

ဆက်လက်၍ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှအလယ်တန်းပြဆရာမ ဒေါ်နွဲ့စိုး ကလူကုန်ကူးမှုနှင့်ပတ်သက်၍ပြဌာန်းထားသည့်ဥပဒေဆိုင်ရာကိစ္စရပ်များကိုဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ်ပိုစတာ ဗီနိုင်းများအားကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြ ကြောင်းသိရသည်။


 ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

1 comment:

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)