ချီဖွေမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချီဖွေမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်



MNP - စက်တင်ဘာ   ၁၀


ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌  ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှုး ဦးလထွယ်အောင်က ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မိဘပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားရေးနှင့် စွမ်းဆောင်မြှင့်တင်ရေးရည်ရွယ်၍  စီမံကိန်းဆောင်ရွက်မည့် ကျေးရွာအား နိုင်ငံ့တော်၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဘဏ္ဍာငွေအရင်းအမြစ်စဉ်ဆက်မပြတ်ရရှိပြီး အရင်းမပျောက်လည် ပတ်ရန်ပုံငွေထူထောင်နိုင်ရန် စီမံခန့်ခွဲရေးအကောင်အထည်ဖော် ဆောင်ရွက်သည့် ကိစ္စရပ်များအား မိတ်ဆက်ရှင်းလင်းပေးခြင်းနှင့်  ကြီးကြပ်စီမံခန့်ခွဲနိုင်ရေး အတွက် ကျေးရွာမှအများသဘောတူ ရွေးချယ်သော ကျေးရွာကော်မတီဖွဲ့စည်းခြင်းများအား ဆောင်ရွက်ခဲ့သည်။


ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဦးမှ စီမံကိန်းဖော်ဆောင် သည့်ချေးငွေအား စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် နှစ်ရှည်ပင်သီးနှံစိုက်ပျိုးရန်အတွက် ချေးငွေသက်တမ်း (၃)နှစ်၊ ရာသီပေါ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများတွင် ချေးငွေသက်တမ်း (၁)နှစ် သတ်မှတ်ထားကြောင်း တို့ကို  ရှင်းလင်းပြောကြားခဲ့သည်။


ချီဖွေမြို့နယ်အနေဖြင့် နိုင်ငံ့စီးပွားရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး ကျေးရွာစီမံကိန်းဖြင့် ကျေးရွာ(၂)ရွာအတွက် အရင်းမပျောက်မတည်ငွေ သိန်း(၄၀၀)အား ဒေသခံပြည်သူများသို့ မတည် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ စနစ်တကျ ကြီးကြပ်ဆောင်ရွက် နိုင်ရေး ရန်ပုံငွေစိစစ် သုံးစွဲရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး အတွက် ကျေးရွာကော်မတီဝင်များအား သင်တန်းများပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - မေခမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)