ပိုင်ကျုံမြို့ မိုးနိုင်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၁) ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ကျုံမြို့ မိုးနိုင်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၁) ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

 


MNP - စက်တင်ဘာ  ၂၁


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့က မိုးနိုင်ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၁) ဦးအတွက် တစ်ဦးလျှင် (၃၀,၀၀၀/-) နှုန်းဖြင့် စုစု‌ပေါင်းငွေကျပ် (၆၃၀,၀၀၀/-) ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာ‌ရေးနှစ် ဒုတိယ (၃) လပတ်အတွင်း ပိုင်ကျုံမြို့တွင် မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုအတွင်းရှိ လူမှုရေးပင်စင်အကျိုး ခံစားခွင့်ရှိသည့် အသက် (၈၅) နှစ်နှင့်အထက် အဘိုး (၁၃၈) ဦး၊ အဘွား (၂၂၁) ဦး စုစုပေါင်း (၃၅၉) ဦး ရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)