Pages

Pages

မအီမြို့၌ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး







MNP ၊ စက်တင်ဘာ    ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဌာနမှသတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ဆောင်ရွက်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးမှုရှိစေရေးတို့အတွက် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးစီးမှူး ဦးညီညီလွင်နှင့် ရုံးအဖွဲ့ဝန်ထမ်းများလိုက်ပါ၍ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် တောင်ကုတ်မြို့အခြေစိုက် တောင်ကုတ်ရတနာကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စည်ပင်သာယာရေးအဖွဲ့ရုံးခြံ ရှေ့ဖက်၊ ဘေး၂ ဖက်အား အုတ်/သံပန်းခြံစည်းရိုးကာရံခြင်း၊ တံခါးပေါက် ၂ ခု ပြုလုပ်ခြင်းနှင့် ဆိုင်းဘုတ်တစ်ခုပြုလုပ်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့ ခြံဝင်းရှေ့တွင် အုတ်ရေမြောင်းပြုလုပ်ခြင်း၊ အမှတ်(၁)ရပ်ကွက်၊ ကန်တော်လမ်းအပိုင်(၂) ကွန်ကရစ်ခင်းခြင်းနှင့် ရေပြွန်(Box Culvert ) တစ်စင်း တည်ဆောက်နေမှုတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။


ထို့နောက် ယခုဘဏ္ဍာနှစ်တွင် လေလံအောင်မြင်၍ တင်ဆောင်ကူးသန်းပြေးဆွဲနေကြသည့် ကျော်ကိုင်း <--> ငှက်ပျောတော <--> မော်ရွာ ကူးတို့၊ မော်ရွာ <--> ချောင်းကြီးနား ကူးတို့၊ ကြက်ကိုင်း <--> ငရုတ်တောင် ကူးတို့နှင့် ငရုတ်တောင် <--> ပဒါ ကူးတို့ စသည့် ကူးတို့စက်လှေများအား ခရီးသည်နှင့် ကုန်စည်တင်ဆောင်မှုများ ဝန်အားမျှတမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသည်များ အသက်ဘေးအန္တရာယ် လုံခြုံစေရေးအတွက် အသက်ကယ်အင်္ကျီများ ဝတ်ဆင်၍ စီးနင်းလိုက်ပါစေခြင်း စသည့် စစ်ဆေးဆောင်ရွက်ခြင်းများကို  ဦးစီးမှူး ဦးညီညီလွင်နှင့် ရုံးအဖွဲ့ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment