ကလေးတွင် အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးတွင် အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး



MNP - စက်တင်ဘာ   ၂၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။


အဆိုပါအခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥ(၇)လုံးတို့ကို စုစုပေါင်း ၃၁၀၀/-ကျပ်နှုန်းဖြင့် နံနက်(၈)နာရီအချိန်မှ စတင်ရောင်းချပေးပြီး ဈေးဝယ်သူတစ်ဦးချင်းစီအား ဂေါ်ရခါးသီး(၂)လုံးစီကို လက်ဆောင်ပေးခဲ့ပြီး တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေများတွင် အပတ်စဉ်ရောင်းချပေးသွားမည်ဖြစ် ကြောင်းသိရသည်။


ထို့သို့ရောင်းချပေးရာတွင် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရန်နှင့် ပြည်သူများအေးချမ်းစွာဝယ်ယူနိုင်စေရန်အတွက် အနီးကပ်ကြီးကြပ်၍ တစ်ပတ်လျှင်(၂)ရက် ရောင်းချပေးနေပြီး အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသောကြောင့် ဝယ်ယူသူများမှာ ဝမ်းမြောက်လျက်ရှိကြောင်းသိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)