ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု ၊ နောင်လှိုင်ကျေးရွာသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု ၊ နောင်လှိုင်ကျေးရွာသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်


MNP - စက်တင်ဘာ  ၁၃


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စု၊ နောင်လှိုင်ကျေးရွာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဌာနအလိုက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြသည်။


ထို့နောက် ကျေးရွာနေပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာတင်ပြချက်များအပေါ် သက်ဆိုင် ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက ဖြည့်စွက်ရှင်းလင်း၍ ဆောင်ရွက်ပေးမည့် အစီအမံများအား ရှင်းလင်းပြော ကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအတွက် စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း၊ ဌာနဆိုင်ရာများက Mask Campaign ပြုလုပ်ခြင်းနှင့် ကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ခြင်းနှင့် မွေးတိုး/အလျှော့ပြုလုပ်ပေးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကကျေးရွာတွင်းလမ်းများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ကျေးရွာသူ/ကျေးရွာသားများထံသို့ ထောက်ပံ့ငွေနှင့် သီးပင်စားပင် မျိုးစေ့များ ပေးအပ်လှူဒါန်းခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နောင်လှိုင်ကျေးရွာအုပ်စု၊ နောင်လှိုင်ကျောင်းဆရာတော် ဦးသုနန္ဒထံသို့သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိများအပါအဝင် ကျေးရွာပြည်သူ (၂၅၀) ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားအား မွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - ဖြူလူသစ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)