ကျောက်မဲမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်မဲမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်




MNP - စက်တင်ဘာ   ၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊  သီရိရတနာခန်းမတွင် မြို့နယ်ပညာရေးဦးစီးဌာနနှင့်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယနေ့နံနက် (၉) နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းကို ကျောင်းကျန်းမာရေးစစ်ဆေးချိန်တွင် ကျောင်းသူ၊ ကျောင်းသားတစ်ဦးချင်းစီအတွက် စစ်ဆေးတွေ့ရှိချက်များကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်ရန်၊ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် ဆရာ/မတို့က မိမိကျောင်းရှိ ကျောင်းသားကလေးများတွင် အဖြစ်များသောရောဂါ ကျန်းမာရေးပြဿနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ မိဘများသို့အသိပေးခြင်း၊ အချိန်မီလွှဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာနနှင့်ချိတ်ဆက်၍ လိုအပ်သည့်စောင့်ရှောက်မှုများရယူရန်၊ မိဘ၊ ဆရာနှင့် ကျောင်းသူ၊ ကျောင်းသားများက ကျန်းမာရေးကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာလုပ်ငန်းရပ်များကို မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။


ယင်းသင်တန်းတွင် ကျောက်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းသန်းအောင်နှင့် မြို့နယ်သူနာပြုဆရာမကြီး ဒေါ်တီဂျာဆိုင်းတို့က ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာများကို ပို့ချခဲ့ကြောင်း၊   သင်တန်းသို့ကျောက်မဲမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/မ (၁၂၅)ဦး တက်ရောက်လျက်ရှိကြောင်း၊ သင်တန်းကာလမှ(၁)ရက်ကြာမြင့်မည်ဖြစ်ကြောင်းပညာ‌ရေးဌာနမှ သိရသည်။


သတင်း - မိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)