မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်သည့် အဆင့်မြင့်ပျံကျဈေး အဆောက်အဦသစ်ဆောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်သည့် အဆင့်မြင့်ပျံကျဈေး အဆောက်အဦသစ်ဆောက်လုပ်ခြင်း ရာနှုန်းပြည့်ပြီးစီး




MNP - စက်တင်ဘာ   ၁


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးအတွင်း အဆင့်မြင့်ပျံကျဈေး အဆောက်အဦသစ်ကို ဇူလိုင်လပထမအပတ်မှ စတင်ဆောက်လုပ်လျက်ရှိပြီး ယခုအခါ ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ အဆောက်အဦသစ်ကို ၂၀၂၂/၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ငွေလုံးငွေရင်း ရန်ပုံငွေ (နှစ်ရာခြောက်ဆယ့်လေးသိန်းငါးသောင်း) အကုန်အကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အလျှားပေ(၁၀၀)၊ အနံ(၁၆)ပေ၊ အမြင့်(၁၀)ပေရှိကာ အခန်း(၂၀)ပါရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။


ဈေးအဆောက်အဦသစ် ဆောက်လုပ်ပြီးစီးပြီဖြစ်သဖြင့် ဈေးရောင်း၊ ဈေးဝယ်သူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးအရောင်း/အဝယ် ပြုလုပ်နိုင်ကာ ဈေးသန့်ရှင်း သာယာလှပရေးကိုအ ထောက်အကူပြုပေးလာနိုင်တော့မည်ဖြစ်ကြောင်း သိသည်။


 သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)