ဇီးကုန်းမြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအား လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့များအား လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း ဖွင့်လှစ်




MNP - စက်တင်ဘာ   ၃၀


ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့များအား လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင် က "လူကုန်ကူးမှု တာဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်  စေလိုကြောင်း၊ မိမိပတ်ဝန်းကျင်တွင်  လူကုန်ကူးမှုနှင့်ပတ်သက်ပြီး မသင်္ကာဖွယ်ရာများတွေ့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်သတင်းပို့ဆောင်ရန်တို့ကို "အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် သာယာဝတီခရိုင် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၁/၂၂)ဖြင့် အတည်ပြု ပြဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ဆွေးနွေးခြင်း၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။


ဆက်လက်၍ လူကုန်ကူးမှုဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများ၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်စဉ်များနှင့် ရပ်ကွက်ကျေးရွာများအတွင်း ကလေးသူငယ်များ လူကုန်ကူးမှု ကျူးလွန်ခံရခြင်း မရှိစေရေး၊ အဓမ္မလုပ်အားခိုင်းစေခြင်း၊ လိင်အမြတ်ထုတ်လုပ်အား ခေါင်းပုံဖြတ်ခြင်းနှင့် အဓမ္မပြည့်တန်ဆာပြုလုပ်ခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံနိုင်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။


အဆိုပါသင်တန်းကို ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များဖြစ်သည့် သင်တန်းသား (၁၁၈)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်းနှင့် သင်တန်းကာလမှာ စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)