MNP - စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အောက်စီဂျင်၊ သွေး၊ ဆေးဝါး၊ ပညာဒါန၊ အာဟာရဒါနကူညီလှူဒါန်းမှုများ၊ လူငယ်များအတွက် အကျိုးပြုသင်တန်းများအား စဉ်ဆက်မပျက် ကူညီဆောင်ရွက်နေသော ဘိုကလေးမြို့နယ်၊ ကျော်ဇံထေရဝါဒ ကျောင်းတိုက်နှင့် မေတ္တာဝါဒီသာသနာ့ရိပ်သာတို့၏ ပဓာနနာယက၊ မေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်း၏ ဩဝါဒစရိယ ဖြစ်တော်မူသော မြန်မာ့ပရဟိတသာသနာပြု ဂုဏ်ထူးဆောင်ဘွဲ့ရ ဘဒ္ဒန္တသူရိယအား ယနေ့နေ့လယ် (၁)နာရီတွင် ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းကြီး၌ “အဂ္ဂမဟာ ပရဟိတဓရ” ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်သည်။
အဆိုပါ ဘွဲ့တံဆိပ်တော်အား မြန်မာ့ပရဟိတအလင်းရောင် ဗုဒ္ဓသာသနာပြု အသင်းကြီးမှ လာရောက်ဆက်ကပ်ခြင်းဖြစ်ပြီး အခမ်းအနားအား နမောတဿ(၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ကာ ရွှေတံဆိပ်(၁၉)ဆုရ မြန်မာ့ရုပ်သေးပညာရှင်ကြီး ဦးစိန်အေးမြင့်က မင်္ဂလာဇော်ဂျီ ရုပ်သေးဖြင့် ကပြ ပူဇော်ခြင်း၊ ပိဋိကတ်(၂)ပုံခွဲဆောင် ဘန္ဒတ္တဇဋိလ ဆရာတော်ဘုရားမှ ငါးပါးသီလချီးမြှင့်ခြင်း၊ ရွှေတံဆိပ် ဆုများရှင် တေးသံရှင် မင်းအိမ်စံက အနန္တော အနန္တ (၅)ပါး ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခြင်း၊ မြန်မာ့ပရဟိတအလင်းရောင် ဗုဒ္ဓသာသနာပြု အသင်းကြီး၏ ဗဟိုဥက္ကဋ္ဌ ဒေါက်တာဦးချစ်ထိုက်က မေတ္တာဝါဒီဆရာတော်ဘုရားအား ဘွဲ့ဆက်ကပ်ရခြင်းအကြောင်းနှင့် ထေရုပတ္တိအကျဉ်းကို လျှောက်ထားခြင်းတို့ဖြင့် ကျင်းပခဲ့ပြီးနောက် မေတ္တာဝါဒီပရဟိဖောင်ဒေးရှင်း၏ ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တသူရိယအား “အဂ္ဂမဟာ ပရဟိတဂရ” ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များအား ဆက်ကပ် ပူဇော်ခဲ့ကြောင်း သိရသည်။
သတင်း - မိုးစက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment