မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား နယ်မြေလုံခြုံရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား နယ်မြေလုံခြုံရေးနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး



MNP - စက်တင်ဘာ   ၂၂


ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအား နယ်မြေခံတပ်မမှူးက ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နယ်မြေလုံခြုံရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ နယ်မြေခံတပ်မမှူး၊ စစ်ဆင်ရေးကွပ်ကဲမှူးက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များအနေဖြင့် မိမိတို့၏ လုံခြုံရေးကိစ္စရပ်များ၊ တရားဉပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များ၊ မိမိတို့သည့် နိုင်ငံဝန်ထမ်းများဖြစ်သည်နှင့်အညီ  နိုင်ငံဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ  လိုက်နာနေထိုင် လုပ်ကိုင်ဆောင်ရွက်ကြရန် နှင့် ဌာနဆိုင်ရာများအနေဖြင့်  လုပ်ငန်းများဆောင်ရွက်ရာတွင်  အခက်အခဲ တစ်စုံတစ်ရာ ရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် မှာကြားပြီး မိမိအနေဖြင့် လိုအပ်သည်များကို ကူညီပေါင်းစပ်ဆောင်ရွက်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မောင်တောခရိုင်အတွင်းသို့ အသစ်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာ သည့်  ခရိုင်အဆင့် ဌာနဆိုင်ရာများက မိတ်ဆက်စကားပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)