တောင်ကုတ်မြို့ ရှိ မြို့ကျက်သရေဆောင် ဖောင်တော်ဦးစေတီတော် ရင်ပြင်နှင့်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ ရှိ မြို့ကျက်သရေဆောင် ဖောင်တော်ဦးစေတီတော် ရင်ပြင်နှင့်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်






MNP ၊ စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီ အချိန်တွင်မြို့ကျက်သရေဆောင် ဖောင်‌တော်ဦးစေတီတော်ရင်ပြင် နှင့်ပတ်ဝန်း ကျင် သန့်ရှင်း သာယာ လှပရေးအတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ တောင်ကုတ်တပ် နယ်မှအရာရှိ၊စစ်သည်များ၊ရဲတပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များက စေတီတော်နှင့်ရင်ပြင်သန့်ရှင်းရေး အတွက် ရေညှိများ နှင့် ဖယောင်းများခွါခြင်း ၊ အမှိုက်လှဲခြင်း၊ ဘုရားပန်းများလဲလှယ်ခြင်း၊ ပတ်ဝန်းကျင် ရှိမြက်နှင့်ခြုံနွယ်များခုတ် ထွင်ရှင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ ၊ တောင်ကုတ်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး အောင်ဇော်လင်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များရောက်ရှိစစ်ဆေးကာလိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)