MNP ၊ စက်တင်ဘာ ၁၆
ယနေ့ ၁၀ ၃၅ ချိန် သာကေတမြို့နယ်၊ ၂/တောင် ရပ်ကွက်၊ ဇောတရုံလမ်းနှင့် မာန်ပြေ-၁ လမ်း(အနောက်)လမ်းဆုံတွင် လူငယ်(၂)ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ောကာင်း သိရသည်။
ကျော်ကျော်လင်း (၃၂)နှစ် (ဟိန္ဒူ/ဗုဒ္ဓ ၊ တတိယနှစ်-ဓါတုဗေဒကျောင်းသား၊ အမှတ်-၇၂၈၊ မာန်ပြေ -၁ လမ်း၊ သာကေတမြို့နယ်)နှင့် ပိုင်မှူးခန့် (၁၇)နှစ် (ဟိန္ဒူ/ဗုဒ္ဓ၊ ၁၀-တန်းကျောင်းသား၊ အမှတ်၇၂၈၊ မာန်ပြေ-၁ လမ်း၊ သာကေတမြို့နယ်)တို့၂ ဦးသည် လမ်းဆုံတွင် စကားပြောနေစဉ် ဇောတရုံလမ်းအတိုင်း စီးနင်းလာသည့် စက်ဘီး(၁)စီးဖြင့် လူ(၂)ဦး(စိစစ်ဆဲ)အနက် စက်ဘီးအနောက်မှ လိုက်ပါလာသူက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျော်ကျော်လင်း ၌ ဝဲနားထင် ဖောက်ဝင် ဒဏ်ရာ (၃)ချက်၊ ယာဘက်မျက်လုံးအောက် ဖောက်ထွက်ဒဏ်ရာ (၁)ချက်၊ ယာပါး ဖောက်ထွက်ဒဏ်ရာ (၁)ချက်တို့ ထိမှန် သေဆုံးခဲ့ပြီး၊ ပိုင်မှူးခန့် ၌ ယာပေါင် ဖောက်ဝင်ဒဏ်ရာ (၁)ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment