နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေဖြင့်ပြည်နယ်အတွင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေဖြင့်ပြည်နယ်အတွင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 


MNP - စက်တင်ဘာ   ၂


နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် ကရင်ပြည်နယ်အတွင်း စီးပွားမြှင့်တင်ရေးလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်၊ခရိုင်၊မြို့နယ်၊ ကျေးရွာအဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်းပေးထားပြီး စီမံကိန်းနှင့် ကိုက်ညီမှုရှိသော ဘားအံ၊ လှိုင်းဘွဲ၊ မြဝတီ မြို့နယ်များကိုရွေးချယ်ပေးထားပြီးဖြစ်ကြောင်း၊ အမှန်တကယ်စိုက်ပျိုးမွေး မြူထုတ်လုပ်နိုင်မည့် စီမံကိန်းကျေးရွာများကို မြို့နယ်များအလိုက်ပဏာမရွေးချယ်တင်ပြပေးစေလို ပြီး စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားအလတ်စား စက်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အရင်းမပျောက်မတည်ရန်ပုံငွေ မြစိမ်းရောင် ကျေးရွာစီမံကိန်းအသွင်၊ သမဝါ ယမအသင်းပုံစံ၊ အစုအဖွဲ့ပုံစံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့လိုပြီး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြဖိုလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က အခြေခံမူ(၅)ချက်ကိုမူတည်၍ ကျေး ရွာများ ရွေးချယ်ပြီး ရင်းနှီးမတည်ငွေများထုတ်ချေးပေးရန်၊ အစုအဖွဲ့များကို ခေါ်ယူဆွေးနွေးမှုများဆောင်ရွက်ထားသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ပြည် နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက် စီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များအားဆွေးနွေးတင်ပြကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများကအကြံ ပြုဖြည့်ဆွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)