Pages

Pages

တိုက်ကြီးမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်



MNP - စက်တင်ဘာ  ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက  ပေးအပ်ခဲ့သည်။


ထိုသို့ပေးအပ်ရာတွင် တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု၊ ဥက္ကံမြို့ အနော်ရထာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင်ထောက်ပံ့ငွေ ဘိုးဘွားတစ်ဦးလျှင် ၃၀,၀၀၀/-ကျပ်အား သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဘိုးဘွားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


တိုက်ကြီးခရိုင်အတွင်းရှိ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နှင့်အဖျောက်မြို့တို့တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၂၄၁ ဦးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လစဉ်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။


သတင်း - စန်းကလျာခိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment