Pages

Pages

ရသေ့‌တောင်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိ




MNP ၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရ‌သေ့တောင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသော အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းကျောင်းသား/သူများအား ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများ တွင် ဆက်လက် ထိုးနှံပေးခဲ့ကြသည်။ 


ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦး ဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ် ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံကြသည့် ကျောင်းသား/သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း ကျန်းမာ ရေး စစ် ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေ အနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုခဲ့သည်။ရ‌သေ့တောင်မြို့နယ်၌(တတိယ) အကြိမ်ထပ်ဆောင်း(Booster Dose) ထိုးနှံပြီးသူကျောင်းသား/သူစုစုပေါင်း(၅၉၂)ဦးရှိပြီးဖြစ်ကြောင်းသိရသည်။ 


ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment