စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/ ၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/ ၂၀၂၂) ဖွင့်လှစ်



MNP - စက်တင်ဘာ   ၁၉


စစ်ကိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/ ၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ(၁၉)ရက်၊ နံနက်(၈)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာ စကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်နိုင်က လူမှုကယ်ဆယ်ရေးနှင့်ရှာဖွရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ ပေါင်းစပ်ညှိနှိုင်းမှု ပိုမိုကောင်းမွန်လာစေရန်၊ မီးသတ်ဦးစီးဌာနရဲ့ ရည်မှန်းချက်တာဝန်နှင့် လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ တက်ကျွမ်းနားလည်ပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်စေနိုင်ရန်၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက တိခိုက်ဆုံးရှုံးမှု လျော့နည်စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စေနိုင်ရန် ဆိုတဲ့ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားကာ အလှူရှင်များ၏ လှူဒါန်ငွေများကို တာဝန်ရှိသူများက လက်ခံပေးခဲ့ကြသည်။


အဆိုပါသင်တန်းကို ရက်သတ္တပတ်(၂)ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသား(၆၀)ဦး တက်ရောက်ကြကာ သင်တန်းသို့ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ များနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ/ မြို့ဖအဖွဲ့များ၊ နည်းပြဆရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး ခရိုင်မီးသတ်ဦးစီးဌာနမှ ခင်ကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)