တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီ၏(၈/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီ၏(၈/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်





MNP - စက်တင်ဘာ   ၁၀


တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏(၈/၂၀၂၂) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင်တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်၊ မြေရိုင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး အကြောင်းအရာ (၂) ခုရှိကြောင်း၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်နိုင်ရန်အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအား လျှောက်ထားပြီး အပင်စိုက်ပျိုးမှုနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေမပေါ်ခင်က မိရိုးဖလားကတည်းက စိုက်ပျိုးထားပြီး မှယခုအခါတွင် မြေပိုင်ဆိုင်မှုများရှိလာသောကြောင့် လိုအပ်၍ လာရောက်လျှောက်ထားမှုများဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းကိစ္စရပ်များ အပေါ်တွင် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ တောင်သူများ၊ ပြည်သူလူထုများ ပြဿနာဖြစ်ပွားမှုများ ရှိခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ပုံစံ-၇ အား စနစ်တကျ ထုတ်ပေးနိုင်ရေးနှင့် တိုးချဲ့၍ လုပ်ကိုင်ဆောင်ရွက်ပေး စေလိုကြောင်း၊ ကော်မတီဝင်များအနေဖြင့်လည်း မှန်မှန်ကန်ကန်လုပ် ကိုင်ဆောင်ရွက်ပေးရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန်လိုအပ်ကြောင်းပြောကြားသည်။


ထို့နောက်တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးဆန်းလင်းဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)