MNP ၊ စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ၃၃/၆.၆ ကေဗွီ (၁၅+၁၀) အမ်ဗွီအေ အမျိုးအစား နတ်ချောင်းဓာတ်အားခွဲရုံအနီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ လုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး တို့အတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် တာမွေမြို့နယ် လျှပ်စစ်ဌာနမှ တာဝန်ရှိသူက အဆိုပါ နတ်ချောင်းဓာတ်အားခွဲရုံမှ မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားများ လုံလုံလောက်လောက် ရရှိသုံးစွဲနိုင်စေရေးအတွက် ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က ဓာတ်အားခွဲရုံအနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ မီးဘေးအန္တရာယ် အပါအဝင် အဘက်ဘက်မှ လုံခြုံမှုရှိစေရေးအတွက် အဓိကထား ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(တာမွေ)
https://t.me/MyanmarNationalPost


No comments:
Post a Comment