မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်း ထွန်းလုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း (၈/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်း ထွန်းလုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်း (၈/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

 



MNP - စက်တင်ဘာ   ၁၀


မွန်ပြည်နယ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (၈/၂၀၂၂) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်ပညာရေးဒီကရီကောလိပ်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသူ သင်တန်း သားများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးတို့ကို တည်ဆောက်သည့်နေရာတွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးမှုရှိရေးဟာ အလွန်အရေးပါ လျက်ရှိသလို မျိုးဆက်သစ်များရဲ့ ပညာရည်အရည်အသွေး တိုးတက်မြင့်မားလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင်လည်း ပညာရေးကဏ္ဍဟာ များစွာအရေးပါလျက်ရှိကြောင်း၊ ယခုလို အရေးပါတဲ့ ပညာရေးကဏ္ဍအတွက် မိမိတို့ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီး မှာ လိုအပ်နေသည့် အရည်အချင်းပြည့်ဝသော ဆရာဆရာမများကို ဖြည့်စွက်ခန့်ထားပေးနိုင်ရေး ဆရာအတတ်ပညာသင်တန်းများ ဖွင့်လှစ်ပြီး သင်ကြားပို့ချပေးရခြင်း ဖြစ်ကြောင်း၊ မွန်ပြည်နယ် ဟာ ပညာရေးမှာအဆင့်အတန်းမြင့်မားမှုကို တက္ကသိုလ်ဝင်အောင်ချက်ရာခိုင်နှုန်းများအား ဆန်းစစ်လေ့လာကြည့်ပါက မျက်ဝါးထင်ထင် သိမြင်ကြရမှာဖြစ်ကြောင်း၊ သင်တန်းသူ၊ သင်တန်းသား မောင်/မယ်တို့အနေဖြင့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျွမ်းကျင် တတ်မြောက်ထားပြီးဖြစ်သော်ငြားလည်း အခြေခံပညာအဆင့် ကလေးငယ်များကို ပညာသင် ကြားရာမှာ ဘာသာရပ်တစ်ခုတည်းကိုပဲ သိရှိနားလည်နေရုံသာမက ကလေးငယ်များရဲ့ အပြုအမူများကိုပါ နားလည်ဖို့လိုအပ်မှာ ဖြစ်ကြောင်း၊ သင်တန်းတက် ရောက်စဉ်ကာလအတွင်း ဆရာအတတ်ပညာများကို လေ့လာဆည်းပူးပြီး သင်တန်းအောင်မြင် ပြီးမြောက်သည့် အခါတွင်လည်း စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတစ်ဦးအဖြစ်သာမက မိမိတို့ တာဝန်ကျရာ ဒေသအတွက် ရပ်ရွာအကျိုး သယ်ပိုးဆောင်ရွက်ရာတွင် ဦးဆောင်နိုင်သူ၊ မှန်ကန်တဲ့အသိပညာ သဘောထားခံယူချက်များ ဝေမျှနိုင်သူအဖြစ် နိုင်ငံတာဝန်များကို တစ်ဖက်တစ်လမ်းမှ ထမ်းဆောင်နိုင်သူများ ဖြစ်စေရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။


ထို့နောက် မော်လမြိုင်ပညာရေးဒီကရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသိင်္ဂီကျော်မှ သင်တန်းပို့ချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ သင်တန်းကာလအတွင်း သင်တန်းသူ၊ သင်တန်းသားများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ပေးခဲ့သည်။


အဆိုပါ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (၈/၂၀၂၂) သင်တန်းကို မော်လမြိုင် ပညာရေးဒီကရီကောလိပ်တွင် သင်တန်းကာလ (၂) လ တာဖွင့်လှစ်သင်ကြား မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၆၇) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)