မင်းဘူး(စကု)မြို့နယ် အဆင့်မြင့်လယ်ယာမြေ စံပြကွက်တွင် မိုးနှောင်းသီးနှံများ စတင်စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူး(စကု)မြို့နယ် အဆင့်မြင့်လယ်ယာမြေ စံပြကွက်တွင် မိုးနှောင်းသီးနှံများ စတင်စိုက်ပျိုး



MNP - စက်တင်ဘာ  ၂၅


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်  အဆင့်မြင့်လယ် ယာမြေ စံပြကွက်တွင် မိုးနှောင်းသီးနှံများ စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။


အဆိုပါ စံပြကွက်သည် တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ်ဖြင့် စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူများ အကျိုးပြု ဖြစ်ထွန်းစေရန် ရည်ရွယ်၍ မိုးနှောင်းကာလ ရက် ၁၀၀ စပါးမျိုး၊ ရက် ၁၁၀ ချမ်းမြေ့မေ စပါးမျိုးအပြင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို စိုက်ပျိုးခဲ့ကြသည်။


ထိုသို့ စိုက်ပျိုးမှုကို ကိုင်းတောလေးကျေးရွာ တောင်သူ ဒေါ်သန်းသန်းဌေး၏ ကွင်းအမှတ် (၁၂၈၄) စံပြကွက် ၁၃.၇၃ ဧကပေါ်တွင် စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်စိုက်ပျိုးကာ ချမ်းမြေ့မေ စပါး ၅ ဧက၊ နေကြာ ၄ ဧက၊ ပဲတီစိမ်း နေကြာသီးညှပ်စိုက်ခင်း ၃ ဧကနှင့် ၁.၇၃ ဧကအား ပိုက်ဆံလျှော်များ စိုက်ပျိုးထားကာ စံပြကွက်များ တိုးချဲ့စိုက်ပျိုးနိုင်ရန် တောင်သူများအား ပညာပေး စည်းရုံးမှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။


သတင်း - ဇေယျာထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)