ကျောက်တံတားမြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး ရောင်းချပေးလျက်ရှိ




MNP - စက်တင်ဘာ  ၂၅


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကိုဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ကျောက်တံတားမြို့ နယ်တွင်လည်း အမှတ်(၈)ရပ်ကွက်၊ (၃၉)လမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာဝယ် ယူနိုင်ရေးတို့အတွက် ဆန်(၁၀)အိတ်၊ ဆီ (၁)ပေပါ၊ ကြက်ဥအလုံး (၁၀၀၀)တို့အား တိုင်းဒေသကြီး၏ သတ်မှတ်ဈေးနှုန်းများအတိုင်း မျှဝေရောင်းချပေးလျက်ရှိကြောင်းသိရှိရသည်။


ထိုသို့ ရောင်းချရာတွင်ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌဦးမြင့်စိန် ခေါင်းဆောင်ပြီးဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)