သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နေကြာတိုးချဲ့စိုက်ပျိုးရေးပညာပေးဆွေးနွေးခြင်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နေကြာတိုးချဲ့စိုက်ပျိုးရေးပညာပေးဆွေးနွေးခြင်းများ ကွင်းဆင်းဆောင်ရွက်

 



MNP - စက်တင်ဘာ  ၂၅


မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ မိုးလယ်နှင့် ဆောင်းနေကြာတိုးချဲ့စိုက်ပျိုးရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ပိဿလိမ်းကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စည်းရုံးပညာပေး ဆွေးနွေးခြင်း၊ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ယခုနှစ်တွင် သရက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၁)အုပ်စုတွင် မိုးကျန်နှင့်ဆောင်းနေကြာ ဧက(၄၀၃၀) လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး နေကြာစိုက်တောင်သူများသို့ (၂)ဧကလျှင် ပုလဲမြေဩဇာ(၁)အိပ်နှုန်းအား စက်ရုံထုတ်ဈေးဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ရောင်းချပေးသွာမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များရှိပါက ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးက နေကြာသီးနှံကို စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရေးနည်းလမ်းများကိုရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများမှ မိမိဌာနအလိုက် လုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများကို  ရှင်းလင်းဆွေး‌နွေးခဲ့သည်။  ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြေပြင်ဆောင်ရွက်ထားရှိသည့် နေကြာစိုက်ခင်းပြုပြင်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)