MNP - စက်တင်ဘာ ၁
မန္တတလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် (၁၉) ရပ်ကွက်ရှိ ခိုင်ဖြိုးမြတ်ဆေးရိုးစက်တွင် ယနေ့နံနက် (၂) နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးဆောင်၍ မီးငြှိမ်း သတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၄) စီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မြင်းခြံနယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ နွားထိုးကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ တောင်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ OK စက်သုံးဆီဆိုင်မှ ရေသယ်ယာဉ် (၂) စီးနှင့် အဖြူရောင်လက်များ ပရဟိတလူမှုရေးအသင်းမှ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် သန္ဓေတပ်ဖွဲ့ဝင်များမှ ငြှိမ်းသတ်ခဲ့ကြသည်။
ဖြစ်စဉ်မှာ ဆေးရိုးစက် ကြပ်ဖိုတာဝန်ခံ ဦးဘိုငြိမ်းသည် ဆေးရိုးများအား ဆေးရိုးကြပ်ဖိုရာတွင် ကြပ်တင်ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ (၄၀×၂၀) ပေသွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း၊ ကြပ်ဖိုဆောင်နှင့် ဆေးရိုးများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကြပ်ဖိုတာဝန်ခံ ဦးဘိုငြိမ်းအား မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ကျော်စွာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment