ကျောက်ကြီးမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအတွက် ဓါတ်မြေသြဇာနှင့် ဆောင်းနေကြာမျိုးစေ့ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအတွက် ဓါတ်မြေသြဇာနှင့် ဆောင်းနေကြာမျိုးစေ့ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပ




MNP - စက်တင်ဘာ   ၂၄


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအတွက် ဓါတ်မြေသြဇာနှင့် ဆောင်းနေကြာ မျိုးစေ့ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်အဖွင့် အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဓါတ်မြေသြဇာနှင့် ဆောင်းနေကြာမျိုးစေ့ဖြန့်ဖြူးပေးရခြင်းနှင့် ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဓါတ်မြေသြဇာနှင့် ဆောင်းနေကြာမျိုးစေ့ အထုပ်များအား မြို့နယ်အတွင်းရှိ အကျိုးဆောင်တောင်သူများနှင့် ဒေသခံတောင်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများ၊ အကျိုးဆောင်တောင်သူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)