ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ



MNP - စက်တင်ဘာ  ၁၁


တော်သလင်းလ လှေသဘင်ပွဲတော်ကို ပြန်လည်ဖော်ဆောင်သောအားဖြင့် မြန်မာတို့၏ ရိုးရာ ယဉ်ကျေးမှုဖြစ် သော ရိုးရာလှေလှော်ပြိုင်ပွဲကို ဘားအံမြို့ ကန်သာယာရေပြင်၌ ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခန့်က ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသည်။


ဦးစွာ အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ သုံးတက်လှော်ပြိုင်ပွဲနှင့် ငါးတက်လှော်ပြိုင်ပွဲ  ဗိုလ်လုပွဲစဉ် များကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လှေလှော်အားကစားဝါသနာရှင် များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြ သည်။


အဆိုပါ လှေလှော်ပြိုင်ပွဲကို အမျိုးသားအသင်း ၂၇ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်း လှေလှော် အားကစားသမား ၂၉၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး စက်တင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ (၃)ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ကာ ယနေ့နံနက်ပိုင်းတွင် ဗိုလ်လုပွဲစဉ်များကို ကျင်းပခြင်း ဖြစ်သည်။


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ရေပြင်သက်ကယ်အဖွဲ့အား ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်တို့က အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူ များကိုလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်တို့က အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ လူမှုရေးဝန်ကြီး ဦးစိုးလွင်နှင့် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က  အမျိုးသမီးသုံးတက်လှော်ပြိုင်ပွဲတွင် ဆုရအသင်းများကို လည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က အမျိုးသားသုံးတက်လှော် ပြိုင်ပွဲဆုရအသင်းများကိုလည်းကောင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အမျိုးသမီး ငါးတက်လှော်ပြိုင်ပွဲ ဆုရအသင်းများကို လည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသားငါးတက်လှော်ပြိုင်ပွဲ တတိယဆုရ မိကရင်အသင်း၊ ဒုတိယဆုရ ကော့ကရိတ်မြို့နယ် အသင်းနှင့် ပထမဆုရမြဝတီမြို့နယ် အသင်းတို့အား တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကာ ရိုးရာလှေလှော်အားကစား သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)