ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဧက(၁၀၀)စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဧက(၁၀၀)စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှု ကြည့်ရှု



MNP - စက်တင်ဘာ   ၁၀


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာရှိ ဧက(၁၀၀) စံပြကွက်သို့ ယမန်နေ့ ညနေ ၅ နာရီအချိန် ရောက်ရှိကာအောင် မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။


 ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်က အဆိုပါဧက (၁၀၀)စံပြကွက်တွင် တစ်ဧကတင်း (၁၁၀)ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၂)ရက်နေ့က ဝန်ကြီးချုပ်ကြီးကိုယ်တိုင် ယူရီးယားဓာတ်မြေဩဇာ အိတ်(၁၀၀)ကို တောင်သူများကို ပေးအပ်ခဲ့ပြီး၊ တစ်ဧကတင်း (၁၀၀) ပန်းတိုင်အထွက်နှုန်းထားရှိရန် ဆွေးနွေးမှာကြားခဲ့ကြောင်းနှင့် စပါးပြီးပါက ပဲတီစိမ်းနှင့်နေကြာများ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့သည်။


အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)