MNP - စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ မြို့နယ်ပညာရေးရုံးဝန်းတွင် ယနေ့နံနက် (၉)နာရီအချိန်က ခရိုင်ပညာရေးမှူးရုံးသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ယင်း အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်၊ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး မြတ်မင်းထွေးနှင့်ခရိုင်ပညာရေးမှူး (တာဝန်ခံ)မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရုံးဆိုင်းဘုတ်ကို အမွှေးနံ့သာရေ ပက်ဖျန်းပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အဆင့်ဌာဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆရာ၊ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
သတင်း - သန်းလူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment