MNP - စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုး
တက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်း နှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြစ်သားမြို့နယ် ရွာသစ်ကျေးရွာရှိ မန်းမန္တလာဘုန်းတော်ကြီးကျောင်း သီရိမင်္ဂလာဓမ္မာရုံအတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက (၉) ရပ်နှင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ စည်းရုံးရေး၊ ဒေသဖွဲ့ဖြိုးရေးစစ်ကြောင်းများအား ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မိမိဌာန အလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများက ကျေးရွာအတွင်းရှိ အမက(ခွဲ)စာသင်ကျောင်းမှ မူလတန်းစာသင်ကျောင်းအဖြစ် တိုးမြှင့်ပေးစေလိုကြောင်း၊ မိုးရာသီ အတွင်း ရေတိုက်စားမူကြောင့် ရွာလယ်လမ်းမှာမကြာခဏ ပျက်စီးမှုများရှိသဖြင့် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ခင်းပေးစေလိုကြောင်းနှင့် ရွာသစ်ကျေးရွာနှင့် ဇီးဖြူကုန်း ကျေးရွာကြား မြောင်းပြာချောင်းကူးတံတားအား ပြုပြင်ပေးစေလိုကြောင်း စသည်တို့ကို ဆွေးနွေး တင်ပြကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦရှိန်းသူမှ လိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ရဲနိုင်ဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment