MNP - စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ဒုတိယ(၃)လ ပတ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားတစ်ဦးလျှင် သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ပြုလုပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ဘိုးဘွားများအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း၊ ရပ်ကျေး/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် အိမ်တိုင်ရာ ရောက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာ (၄၆)အုပ်စုမှ (ဇူလိုင်၊ဩဂုတ်၊ စက်တင်ဘာ) လအတွက် အဘိုးအဘွား (၉၅၁)ဦးအတွက် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်း (၂၈၅,၃၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment