MNP - စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် ငွေကျပ်(၃၀၀၀၀)နှုန်း ထောက်ပံ့ပေးလျက်ရှိရာ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ လများအတွက် (၃)လစာ ထောက်ပံ့ငွေများအား ယမန်နေ့ နံနက်(၁၁)နာရီခွဲ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
၎င်းထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ မိမိတို့သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ဘိုးဘွားများ၏ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းနှင့် ဘိုကလေးမြို့နယ်ရှိ ကျေးရွာအုပ်စုများ အားလုံးတွင် အသက်(၈၅)နှစ်အထက် လူမှုရေးပင်စင်ပေးအပ်ရသည့် ဘိုးဘွားပေါင်း (၆၄၂)ဦး၊ မြို့ပေါ်ရပ်ကွက်တွင် ဘိုးဘွားပေါင်း (၁၇၇)ဦးဖြင့် စုစုပေါင်း (၈၁၉)ဦးရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
သတင်း - မိုးစက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment