ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး



MNP - စက်တင်ဘာ   ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် ပြည်သူများ၏ စားဝတ်နေရေး တစ်ဖတ်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ စသည့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘက်ရဲမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ အခြေခံစားသောက်ကုန် ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဉ်ဆောင်ရွက်မှုဖြင့် ဆန်တစ်ပြည်လျှင်ငွေကျပ် (၁၅၀၀)နှုန်းဖြင့် ဆန်(၄၂)အိတ်ကို လည်းကောင်း၊ ဆီ ၅၀ ကျပ် သားလျှင်ငွေကျပ် (၂၅၀၀)နှုန်း၊ ကြက်ဥတစ်လုံးလျှင် (၁၇၀)နှုန်းဖြင့် ကြက်ဥအလုံး(၃၀၀၀)ကို လည်းကောင်း၊ ဆားနှင့်ဟင်းသီးဟင်းရွက်မျိုး စုံတို့ကို သက်သာသောဈေးနှုန်းဖြင့် အိမ်ထောင်စုပေါင်း (၅၀၀)အား ဖြန့်ဖြူးရောင်းချ ပေးခဲ့သည်။


ထိုသို့အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဘက်ရဲမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့်ဝန်ထမ်းများ၊ မိသားစုစည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက ဈေးရောင်း/ ဈေးဝယ် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးကူညီကြပြီး ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကိုလည်း ဆက်လက်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)