ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး



MNP - စက်တင်ဘာ  ၁၉


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၇:၀၀)က ပန်းတောင်းမြို့နယ် ဥသျှစ်ပင်ရှိ စည်ပင်သာယာဈေးများတွင် ဈေးရောင်းဈေးဝယ်သူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့သည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစုရပ်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအေးကြိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကာကွယ်ဆေးထိုးနှံပြီး ၆လနှင့်အထက်ရှိသူများအား ထိုးနှံပေးလျက်ရှိရာ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဈေးအတွင်းရှိ စည်ပင်သာယာဈေးများအတွင်း ဈေးရောင်းဈေးဝယ်များနှင့် ပြည်သူများအား နေ့စဉ် ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။


အလားတူ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင်လည်း နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင်လည်း အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သင်းသင်းအေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)