MNP ၊ စက်တင်ဘာ ၁၀
ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဆုံးပါးသွားတဲ့ မြန်မာလုပ်သားအတွက် ထိုင်းနိုင်ငံလူမှုဖူလုံရေးအသင်းက ကျန်ရစ်တဲ့ မိသားစုထံ လူမှုဖူလုံရေးခံစားခွင့်အဖြစ် ဘတ်တစ်သိန်းကျော် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာလုပ်သား ဦးစောကျော်လင်းဟာ ကျန်းမာရေးချိုယွင်းလို့ မြန်မာနိုင်ငံ၊ ကော့ကရိတ်မြို့မှာ ပြန်လည်နေထိုင်စဉ် ဆုံးပါးသွားခဲ့တာဖြစ်ပြီး ၎င်းအနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်စဉ်က လူမှုဖူလုံရေးသွင်းငွေ ပုံမှန်သွင်းခဲ့တာကြောင့် သူဆုံးပါးတဲ့အခါမှာ သူ့ရဲ့မိသားစုအနေနဲ့ ယခုလို လူမှုဖူလုံရေးသွင်းငွေ ပြန်လည်ခံစားခွင့် ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဥပဒေအရ "ပကန်ဆမ်ခွန်"လိုခေါ်တဲ့ လူမှုဖူလုံရေးကြေးကို ပေးသွင်းဖို ၆ လဆက်တိုက် ပျက်ကွက်ခဲ့ရင် ပြန်လည်ထောက်ပံ့ကြေးခံစားခွင့် မရရှိနိုင်တော့ဘူးလို့ သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment