တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၊ အာယုဒါနဆေးရုံတော်၌ တက်ရောက်ကုသနေသူသည့် သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၊ အာယုဒါနဆေးရုံတော်၌ တက်ရောက်ကုသနေသူသည့် သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး


MNP ၊ စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၊ အာယုဒါနဆေးရုံတော်၌ တက်ရောက်ကုသခံယူလျက်ရှိသော သံဃာတော်များနှင့် မျက်စိဝေဒနာရှင် ဒေသခံပြည်သူများကို ယမန်နေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၊ အာယုဒါနဆေးရုံသည် ရွှေကျင် သာသနာပိုင်၊ သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် ဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ တည်ထောင်တော်မူသည့် ဆေးရုံတော်(၄၇)ခုအနက် (၄၀)ခုမြောက် အာယုဒါနဆေးရုံတော်ဖြစ်ပြီး မျက်စိဝေဒနာ ရှင်များအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ တစ်နေ့လျှင် (၁၀၀)ဦးဖြင့် မျက်စိအထူးကု ဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သားပါရဂူ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်း များက မျက်စိစမ်းသပ်စစ်ဆေးပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိတိမ် များခြစ်ထုတ်ခြင်း၊ မျက်လုံးအစားထိုးကုသခြင်းများကို ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)