အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ဘောဂဗေဒ ဘာသာရပ် သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ဘောဂဗေဒ ဘာသာရပ် သင်တန်းဖွင့်လှစ်





MNP ၊ စက်တင်ဘာ ၁

အင်ဂျင်နီယာများသည် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ဘောဂဗေဒဘာသာရပ်ကို မဖြစ်မနေ သိရှိနားလည်ပြီး လက်တွေ့ကျင့်သုံး ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ဘောဂဗေဒဘာသာရပ်ကို သင်တန်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပသည့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ဘောဂဗေဒဘာသာရပ် သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ချက်များ၊ Guideline များကို သိရှိ နားလည်ပြီး လက်တွေ့ကျင့်သုံးနိုင်မည့် ISO 9004:2018 Quality Management System ဆိုင်ရာ သင်တန်းနှစ်ကြိမ်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ကြောင်း၊ အင်ဂျင်နီယာပညာရှင်များအနေဖြင့် သင်တန်းမှပို့ချသည့် သင်ခန်းစာများကို စနစ်တကျ လေ့လာမှတ်သားပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းတို့က အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ဘောဂဗေဒဘာသာရပ်ကို သင်ကြားပေးရန် သင်တန်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့မှု၊ ဝန်ကြီးဌာနများအတွက် လိုအပ်သော သင်တန်းများ ဖွင့်လှစ်ပေးရန် ပြင်ဆင်ဆောင်ရွက်ထားမှုတို့ကို  ရှင်းလင်းပြောကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


ယနေ့ဖွင့်လှစ်သည့် သင်တန်းတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ဆောင်ရွက်နိုင်စေရန် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ဘောဂဗေဒဘာသာရပ်ကို (၁)ပတ်လျှင် သင်ကြားချိန် (၄)နာရီဖြင့် (၁၀)ပတ်ကြာ Online မှ သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။


အခမ်းအနားသို့ ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စက်ရုံမှူးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနများနှင့် တာဝန်ရှိသူများက virtual စနစ်ဖြင့် တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)