ပဲခူးမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ




MNP - စက်တင်ဘာ  ၂၉


၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပဲခူးမြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။


ဗိုလ်လုပွဲတွင် အ.ထ.က(၅)ကျောင်းနှင့် အ.ထ.က(ဘောနတ်ကြီး)ကျောင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က(၅)ကျောင်းမှ ၅ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိကာ ပထမတံခွန်စိုက်ဆုဖလားအား ဆွတ်ခူးရရှိခဲ့သည်။


ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပူးတွဲတိတယဆုရ ရရှိသော အ.ထ.က (၁) ကျောင်းနှင့် အ.ထ.က (စာလေးကွင်း)ကျောင်းတို့အား တစ်ဦးချင်းဆုကလပ်နှင့် ငွေသားဆု (၁)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးပညာရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုလှိုင်နှင့် ပဲခူးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးဝင်းကျော်တို့ကလည်းကောင်း၊ ဒုတိယဆုရရှိသော အ.ထ.က(ဘောနတ်ကြီး)ကျောင်းအား တစ်ဦးချင်းဆုကလပ်နှင့် ငွေသားဆု(၃)သိန်းကျပ်အား ပဲခူးတိုင်းဒေသကြီးပညာရေး ဒုတိယညွှန်ကြားရေးမှူး ဦးခင်အောင်ရီကလည်းကောင်း၊ ပထမဆုရရှိသော အ.ထ.ထ(၅)ကျောင်းအား တစ်ဦးချင်းဆုကလပ်၊ ငွေသားဆု(၅)သိန်းကျပ်နှင့် ပထမတံခွန်စိုက်ဆုဖလားအား  ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးစိုးလွင်က လည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)