Pages

Pages

ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ် ထိုးနှံလျက်ရှိ




MNP ၊ စင်တင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပ ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယ)အကြိမ်ကို ယမန်နေ့နံနက်(၁၀)နာရီက သက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။ 

ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူ များနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပ ကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး၊ ဆေးထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများတွင် ကိုဗစ် (၁၉)ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ်ကို မိဘအုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ဖြင့် ယမန်နေ့က အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိကျောင်းသား/သူစုစုပေါင်း (၆၂၄)ဦး လာရောက်ထိုးနှံခဲ့ကြပြီး ကျန်ရှိသောကျောင်းသား/ ကျောင်းသူများအား သတ်မှတ်ထားသော အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment