Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး (Mask Compaign) ဆောင်ရွက်





MNP ၊ စက်တင်ဘာ  ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်ရှိ ဈေးများ၊လမ်းဆုံလမ်းခွနှင့် လူစည်ကားရာနေရာများ၊စာသင်ကျောင်း ရှေ့များတွင် Mask Campaign ဆောင်ရွက်ခြင်းအသိပညာပေးလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန် ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ လူသွား လာ များသည့် လမ်းဆုံလမ်းခွ၊ဈေးများ၊ လူစည်ကားရာနေရာများ၊ စာသင်ကျောင်းများ၊ သွားလာ လှုပ်ရှားနေကြသည့် ခရီးသွားပြည်သူများနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများမှ အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါကပါးစပ်နှင့် နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး ထပ်ဆောင်းကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံသွားရေးအသိ ပညာပေးပြောကြားပြီး Mask များအခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment