ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်




MNP ၊ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ် ညောင်ရွှေမြို့ အင်းလေးကန် သန့်ရှင်းသာယာလှပရေးအတွက် ဒိုက်ဗေဒါနှင့် အမှိုက်များ ဆယ်ယူဆောင်ရွက်ထားရှိမှုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် စက်လှေဖြင့် လှည့်ပတ်ကြည့်ရှုပြီး Aureum Palace Hotel ၌ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုကာလသည် မိုးရာသီဖြစ်သော်လည်း မြန်မာနိုင်ငံအနှံ့ ခရီးစဉ်ဒေသ များ၌ ခရီးသွားဧည့်သည်များ စတင်ဝင်ရောက်နေကြပြီဖြစ်ပါကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုများနှင့် အခြားအခက်အခဲများရှိနေသော်လည်း ရင်ဆိုင်ကျော်လွှားကာ ဖြစ်နိုင်သည့်နေရာမှ သတိပြုဆင်ခြင်ပြီး ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အင်းလေးကန်အတွင်း ဒိုက်၊ ဗေဒါများ အစဉ်အမြဲ ရှင်းလင်းနေစေရန်အတွက် ၎င်းတို့ကို ပြန်လည်အသုံးပြုနိုင်မည့်နည်းလမ်းများကို စဉ်းစားကြရန် လိုအပ်ပါကြောင်း၊ ဒေသခံများနှင့် အင်းလေးဒေသရှိ လူမှုအဖွဲ့အစည်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပျက်အစဉ် ပြင်ခဏဖြစ်သဖြင့် တစ်ဦးချင်း၏ အသိစိတ်ဓါတ်ဖြင့် အင်းလေးကန် သန့်ရှင်းသာယာလှပရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Enchanting Myanmar Health and Safety Protocol နှင့်အညီ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိသော နိုင်ငံအဆင့်အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် ညောင်ရွှေမြို့ရှိ ဟိုတယ်များအား နိုင်ငံအဆင့် အသိအမှတ်ပြုတံဆိပ်များကိုပေးအပ်ချီးမြှင့်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသော ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းအတွင်း ဟိုတယ်ဝန်ဆောင်မှု သင်တန်းများအား စာတွေ့လက်တွေ့ သင်ကြားပြသရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးဟိုတယ်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးခွန်သိန်းမောင်၊ တောင်ကြီးမြို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် တောင်ကြီးမြို့ရှိ ဟိုတယ်များအား အသိအမှတ်ပြုတံဆိပ်များကို ပေးအပ်ချီးမြှင့်ကြသည်။


ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးဟိုတယ်၌ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တွေ့ဆုံကာ ရှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အင်းလေးကန် သန့်ရှင်းသာယာလှပရေးနှင့် ကလောမြို့အား ခရီးသွားမြို့တော်အဖြစ် အကောင်အထည်ဖော် မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့ ဂရင်းဟဲဗင်းဟိုတယ်၌ ကလောမြို့ရှိ ဟိုတယ်ဝန်ထမ်း (၉၉) ဦးအား ကိုဗစ်-၁၉ တတိယအကြိမ် ထပ်ဆောင်းကာ ကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့ရှိ ဟိုတယ်ကလောဟေးလ်လော့ခန်းမ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ကလောမြို့ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း အသင်းအဖွဲ့ များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံအဆင့်အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် ကလောမြို့ရှိ ဟိုတယ်များအား အသိအမှတ်ပြုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Kalaw Glamping & Eco Activities Co.,Ltd မှ စွန့်စားမှု ခရီးသွားလုပ်ငန်းဖော်ဆောင်ရေးအတွက် တည်ဆောက်လျက်ရှိသော Zip line၊ Sky Bridge၊ Monkey Walk၊ Jacob Ladder၊ Abseil၊ Triangle Rope Courses Adventure၊ Rock Climbing အစရှိသည့် အခက်အခဲဖြတ်ကျော် ကစားနည်းများနှင့် ကလေးငယ်များအတွက် စီစဉ်ထားသော Eco Playground တို့အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)