မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ



MNP - စက်တင်ဘာ  ၂၂


မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ဒေသခံ ပြည်သူများနှင့် မြို့နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများ ကိုယ်တိုင်တွေ့ဆုံပြီး ကျေးရွာအုပ်စု(၁ဝ) အုပ်စုတွင် စစ်ကြောင်းကြီး(၅)ကြောင်း အသွင်ဖြင့်  ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း၊  တွေ့ဆုံဆွေးနွေးပွဲများတွင် ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်၊ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် အကျိုးကျေးဇူများစွာ ရရှိခဲ့သဖြင့် ဒုတိယအကြိမ်ကျေးရွာအုပ်စု(၁ဝ)အုပ်စုကို ရွေးချယ်ပြီး ဆက်လက် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်ပတ်သက်၍ နိုင်ငံတော်မှပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များကို သိရှိလိုက်နာပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် လူဦးရေ စာရင်းတိကျ မှန်ကန်စေရေး ဆောင်ရွက်သွားရမည့်လုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါနှင့်  ပတ်သက်၍ ထပ်ဆောင်းကာကွယ်ဆေး အပြည့်အဝထိုးနှံနိုင်ရေး ဆောင်ရွက်သွားရမည့်လုပ်ငန်းများကို အသိပေး ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်း ၊ အဖွဲ့ဝင်(၃) မြို့နယ် လဝကဦးစီးမှူး ဦးသိန်းဟန်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးသိန်းဇော်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ချပြဆွေးနွေးခဲ့ကြပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု(၅၆) အုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း(၁၅ဝ)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)