ပေါင်မြို့နယ်၌ ၂၀၂၂ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၂ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ

 


MNP - စက်တင်ဘာ   ၁၁


ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတကြွယ်ဝတိုးတက်စေရန်နှင့် ကမ္ဘာ့ အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင်သည့် ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ချက်တို့ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာ များနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ များကို အခြေခံပညာ အထက်တန်းကျောင်း ခန်းမဆောင်၌ ယမန်နေ့ နေ့လယ် ၁ နာရီက စတင်ကျင်းပခဲ့ ကြောင်း သိရသည်။


အဆိုပါ အထိမ်းအမှတ်နေ့အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အထက်တန်းကျောင်းခွဲများနှင့် အခြေခံပညာ အလယ်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုနေမှုကို  တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် အထကကျောင်းနှင့် အလကကျောင်းများက ကျောင်းအုပ်ကြီးတို့က ကြည့်ရှု အားပေးသည်။


စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၄ ဦးတို့က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် "အကျွန့်ဆရာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲယှဉ်ပြိုင်မှုတွင် "ဘဝလမ်းညွှန်၊ ဆရာမွန်" ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်သူများအား ပြိုင်ပွဲခေါင်းစဉ်များအလိုက် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မွန်မလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)