ဒေးဒရဲမြို့၌ ဧည့်မထဆန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ ဧည့်မထဆန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချပေး

 


MNP - စက်တင်ဘာ  ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက မြို့နယ်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံ စေရေးနှင့် စားသောက်ရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဧည့်မထဆန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ ပေးနေမှုကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက်(၇)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူများက ပြည်သူများ အလွယ်တကူနှင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ  ဧည့်မထဆန်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် လူ(၁)ဦးလျှင် (၁)ပြည်၊ ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို နေ့စဉ် နံနက် (၈)နာရီမှ နေ့လယ် (၁၂)နာရီအထိ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် ရောင်းချပေးလျက်ရှိကြောင်း  သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)