ရွှေတောင်မြို့နယ်တွင် အသက်(၂၅)နှစ်အောက် ဝူရှူးလူရွေးပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အသက်(၂၅)နှစ်အောက် ဝူရှူးလူရွေးပြိုင်ပွဲကျင်းပ

 



MNP - စက်တင်ဘာ   ၁၁


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော အသက်(၂၅)နှစ်အောက် တိုင်းအဆင့် ဝူရှူးလူရွေးပြိုင်ပွဲကို ရွှေတောင်မြို့နယ်၊ အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဝူရှူးလူရွေးပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ပြည်ခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြမြခိုင်က မျိုးဆက်သစ်လူငယ်များ ကျန်းမာကြံ့ခိုင်ရေးနှင့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ  ဝူရှူး(ဆန်းဆို) ပြိုင်ပွဲတွင် (၄၅)ကီလိုတန်း၊ (၄၈)ကီလိုတန်း၊ (၅၂)ကီလိုတန်း၊ (၅၆)ကီလိုတန်း၊ (၆၅)ကီလိုတန်း ကစားသမား (၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ရွေးချယ်ခံ ရသူ အားကစားသမား (၇)ဦးအား ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တစ်လကြာ စခန်းသွင်း လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဝူရှူးပြိုင်ပွဲ၌ တိုင်းကိုယ်စားပြု ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်အားကစား သမားများအား ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)