အထက(၁ )ကန့်ဘလူ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အထက(၁ )ကန့်ဘလူ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

 


MNP - စက်တင်ဘာ   ၁၁


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲများကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။


အဆိုပါပြိုင်ပွဲများတွင် စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းဆင့် ကျောင်းသားကျောင်းသူ ၅၁ ဦး၊ အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ ၅၀ ဦး၊ မူလတန်းဆင့် ကျောင်းသားကျောင်းသူ ၈ ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းဆင့် ၁၂ ဦး၊ အလယ်တန်းဆင့် ၁၃ ဦး၊ ပိုစတာပြိုင်ပွဲတွင် အထက်တန်းဆင့် ၈ ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းဆင့် ၁၅ ဦး၊ အလယ်တန်းဆင့် ၂၂ ဦး၊ မူလတန်းဆင့်တွင် ၈၂ ဦး စုစုပေါင်း ၂၆၁ ဦးတို့က “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” ခေါင်းစဉ်ဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)