အမ်းမြို့နယ် မူလတန်းကြိုကျောင်း၌ ညာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် မူလတန်းကြိုကျောင်း၌ ညာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ




MNP ၊ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် မူလတန်းကြိုကျောင်း၌ ကလေးသူငယ်များ၏ အခွင့် အရေးများကို အပြည့်အဝ ဖော်ဆောင်နိုင်ရန်အတွက် ညာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို အဆိုပါ ကျောင်း၌ နံနက်(၉)အချိန်ကကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက ကလေးသူ ငယ်များ၏ အခွင့်အရေးများမှာ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့ဖြစ်ပါကြောင်း၊ ကလေးသူငယ်များသည် ပါဝင်ဆောင်ရွက်ခွင့်ကို အကောင်ထည် ဖော်ဆောင်ပြီး ညာဏစွမ်းရည်ပြိုင်ပွဲကို စုပေါင်း၍ လုပ်ဆောင်ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေပြီး လူမှုပတ်ဝန်းကျင်တွင် ရဲရဲဝံ့ဝံ့ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ မူလတန်းကြိုကျောင်း ကလေးသူငယ်များမှ အကြီးတန်းအဆင့်၊ အငယ်တန်းအဆင့် ကဗျာပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ဆုရရှိသည့် ကလေးငယ် များအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦး၊ မူလတန်းကြိုကျောင်း ကျောင်း အုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌနှင့် အသင်းဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဆုများအသီးသီးချီးမြင့်ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)