Pages

Pages

သထုံမြို့နယ်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သထုံတပ်နယ်မှဦးစီး၍ အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ရောင်းချ






MNP ၊ စက်တင်ဘာ  ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဒေသတွင်း အခြေခံလက်လုပ်လက်စားပြည်သူများစားသောက်ရေး အထောက်အကူဖြစ်စေနိုင်ရေးအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သထုံတပ်နယ်မှဦးစီး၍ အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ယနေ့ နံနက်ပိုင်းက သထုံမြို့၊ ရွှေစာရံစေတီတော်အနောက်ဖက်မုခ်အနီးရှိ ယာဉ်ရပ်နားကွင်း၌ လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။


အခြေခံလက်လုပ်လက်စားပြည်သူများအတွက် သထုံတပ်နယ်မှဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆီလုပ်ငန်းရှင်များ၊ဆန်လုပ်ငန်းရှင်များတို့ပူးပေါင်းကာ ဆန်တပြည်လျှင် ၁၃၀၀ ကျပ်၊ ဆီတလီတာဘူး တစ်ဘူးလျှင် ၂၅၀၀ ကျပ်၊ ကြက်ဥ ၆ လုံး ၁၀၀၀ ကျပ်နှင့် အသားငါး၊ နွားနို့၊ ဟင်းသီးဟင်းရွက်များ၊ တပ်မတော်စက်ရုံထုတ်ကုန်ပစ္စည်းများတို့ကို သက်သာသောနှုန်းထားများဖြင့်ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူအများအပြား ဝမ်းမြောက်ပျော်ရွှင်စွာ လာရောက်ဝယ်ယူခဲ့ကြသည်။


အဆိုပါအစီအစဉ်တွင် ဆန် ၁၂၀၀ ပြည်၊ ဆီပိဿာပေါင်း ၅၀၀ နှင့် အသားငါး၊ ကြက်ဥ၊ နွားနို့၊ ဟင်းသီးဟင်းရွက်များ၊ တပ်မတော်စက်ရုံထုတ်ကုန်ပစ္စည်းများတို့ကိုရောင်းချပေးခဲ့ပြီး ပြည်သူအများ အေးချမ်းပျော်ရွှင်စွာ လာရောက်ဝယ်ယူနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သထုံတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကြည့်ရှုအားပေးကာ ပြည်သူများလိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment