Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP ၊  စက်တင်ဘာ ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်း၍ စက်တင်ဘာ(၁၅) ရက်နေ့ ၊နံနက် (၁၀)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြု လုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော် က ကျိုက်ထိုမြို့နယ်ရှိကလေးငယ်များအရွယ်မရောက်ခင်မှာအလုပ်သမားမဖြစ်စေရေးနှင့်ကလေးတွေကိုခိုင်းစေနေသည့်အလုပ်ရှင်များအနေဖြင့်လိုက်နာရမည့်ဥပဒေများကိုပြည်သူများသိရှိစေရန်ရည်ရွယ်ပြီး ကလေးအလုပ်သမားပပျောက်ရေး

 အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကျိုက်ထိုမြို့နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နန်းအေးမြတ်မိုးက ကလေးအလုပ် သမားဟုသတ်မှတ်သည့် အသက်အရွယ်အပိုင်းအခြား၊ ကလေးအလုပ်သမားခိုင်းစေတဲ့ အလုပ်ရှင်တွေအနေနဲ့ လိုက်နာရမည့်ဥပဒေများ၊ ကလေးအလုပ်သမား‌ပပျောက်အောင် ဆောင်ရွက်သင့်သည့်နည်းလမ်း၊ စက်ရုံအလုပ်ရုံတွေမှာကလေးအလုပ်သမား‌ တွေနှင့် ပက်သက်သည့်ညွှန်ကြားချက်များ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment